သာစည် ၁၆    သြဂုတ် 


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် မြို့အလယ် ဗိုလ်ချုပ်ပန်းခြံရှေ့ ငှက်ကြီးတောင် ဓါးကိုင်ရမ်းသူအား  ဖမ်းဆီးအရေးယူထားကြောင်း သာစည်မြို့မ ရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ၂၀၁၉ သြဂုတ် ၁၅ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က သာစည်မြို့ ကုက္ကိုပေါက်ကျေးရွာနေ ဘွတ်လာကြီး(ခ) အောင်ခန့်ဇော် ၎င်းရွာမှထွက်လာပြီး အများပြည်သူ အပန်းဖြေ အနားယူနေသော သာစည်မြို့ မြို့လည်ရှိ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် အရှည် အရိုးအသွား ၂၉ လက်မ ဗျက် ၁ ဒသမ ၅ လက်မခန့်ရှိ သတ္ထုရိုးတပ် ဓါးဦးချွန် ငှက်ကြီးတောင်ဖြင့် ကိုင်ဆောင်ရမ်းကားနေကြောင်း သိရသဖြင့် ဖမ်းဆီးအရေးယူထားကြောင်း သာစည်မြို့မရဲစခန်းမှူး ဒုရဲမှူးသန်းမောင် ထံမှသိရသည်။


အများပြည်သူ သွားလာအပန်းဖြေရာ ဗိုလ်ချုပ်ပန်းခြံရှေ့တွင်  လူ့အသက်အန္တရာယ် ထိခိုက်သေဆုံးစေနိုင်သည့် ငှက်ကြီးတောင်ဓါး ကိုင်ရမ်းသူ ဘွတ်လာကြီး(ခ)အောင်ခန့်ဇော်အား သာစည်မြို့မရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း  စုံစမ်းသိရသည်။


ဘိုဘို(မလှိုင်)