ကျိုက်မရော ၁၆ သြဂုတ်
သဘာဝဘေး ကျရောက်လျက်ရှိသော မွန်ပြည်နယ် ကျိုက်မရောမြို့နယ်သို့ နေ့စဉ်ရက်ဆက် ရေဘေးအလှူရှင်များ လာရောက်လှူဒါန်းလျက်ရှိသော်လည်း တိရစ္ဆာန်များအတွက် အစာရေစာငတ်ပြတ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းသို၌ တိရစ္ဆာန် အစာများ လိုအပ်မှုအတွက် ကျိုက်မရောမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာအောင်စိုးလင်းနှင့် အဖွဲ့ဝင်များက ယနေ့နေ့လည်ပိုင်းတွင် ရေကြီးနစ်မြှပ်သော ကျေးရွာများသို့ တိရစ္ဆာန်အစာများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)


