လွယ်ဂျယ်  ၁၆  သြဂုတ်  


ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးမောက်-လွယ်ဂျယ် လမ်းပိုင်းအတွင်း ယမန်နေ့က မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ယနေ့ မွန်းလွဲ ၃ နာရီတွင် လမ်းရှင်းလင်းရး လုပ်ငန်းများဆောင်ရွက်ပြီးဖြစ်သဖြင့် မော်တော်ယာဉ်သွား ပုံမှန်ဖြတ်သန်း သွားလာနိုင်ပြီဖြစ်ကြောင်း လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


အဆိုပါ မြေပြိုမှုဖြစ်စဉ်ကြောင့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းအတွင်း မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် မြေပြိုဖြစ်ပွားရာနေရာများဖြစ်သည့် လွယ်ဂျယ်ဘက်ခြမ်းရှိ ၆၄-၆၅ ကီလိုမီတာကြား မြေပြိုမှု နှစ်နေရာ ၊ ၆၃-၆၄ ကီလိုမီတာကြားတွင် သုံးနေရာ နှင့် ၆၂-၆၃ ကီလိုမီတာကြားတွင် တစ်နေရာ စုစုပေါင်း ၆ နေရာတို့၌ လူအား၊ စက်ယန္တရားအားဖြင့် ရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည်။


အလားတူ မိုးမောက်ဘက်ခြမ်းရှင်း မြေ  ပြိုမှုများ ဖြစ်ပွားသည့် ၄၉ -၅၀ ကီလိုမီတာကြားနှင့် ၄၂-၄၃ ကီလိုမီတာကြားတို့တွင်လည်း လမ်းဦးဌာနမှ ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပြီ ဖြစ်သဖြင့် မော်တော်ယာဉ်များ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။


မျိုးမြင့်စိုး (ပြည်နယ်ပြန်/ဆက်)