ရန်ကုန် ၁၆  ဩဂုတ်

၂၀၁၉ ခုနှစ် အဆင့်မြင့်ပညာကဏ္ဍ တတိယအကြိမ် မြန်မာဘာသာစကားစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဆရာကြီးဒေါက်တာသက်လွင်က အမှာစကား ပြောကြားသည်။

ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့်တာဝန်ရှိသူများက ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြရာ အရေးစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုကို သူနာပြု တက္ကသိုလ်(မန္တလေး)မှ မဖြူခိုင်စိုး၊ ဒုတိယဆုကို ထားဝယ်တက္ကသိုလ်မှ မောင်ကျော်စွာဟိန်း၊ တတိယဆုကို ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ မငြိမ်းစုဝါ၊ အရွတ်အဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန် အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ မငြိမ်းစုဝါ၊ဒုတိယဆုကို မြင်းခြံဒီဂရီကောလိပ်မှ မောင်သီဟမင်းရှိန်၊ တတိယဆုကို ကလေးတက္ကသိုလ်မှ မနှင်းပွင့်ဖြူ၊ အပြောစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုကို ရန်ကုန်တက္ကသိုလ်မှ မဖူးပြည့်စုံကျော်၊ ဒုတိယဆုကို သင်္ဃန်းကျွန်းပညာရေးကောလိပ်မှ မောင်ရဲရင့်ဘုန်းအောင်၊ တတိယဆုကို ရန်ကုန်တက္ကသိုလ်မှ မရွှေရည်လင်း၊ စွမ်းရည်၃ရပ်ပေါင်း ပထမဆုကို ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် မငြိမ်းစုဝါ၊ ဒုတိယဆုကို ရန်ကုန်တက္ကသိုလ်မှ မဖူးပြည့်စုံကျော်၊ တတိယဆုကို စစ်တွေတက္ကသိုလ်မှ မထူးရတနာမြင့်တို့က ရရှိခဲ့ကြသည်။

ထို့နောက် ဆုရရှိကြသူများကိုယ်စား ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် မငြိမ်းစုဝါက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား ကျောင်းသူများက မြနန္ဒာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)