ပူတာအို ၁၇ သြဂုတ်
ကချင်ပြည်နယ်၊ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်ရှိ ခရစ်တော်၏ အသင်းတော်(မူရင်း)ဧဝံဂေလိ လုပ်ငန်းကော်မတီမှကြီးမှူး၍ ပန်းအလှထိုးရက်တို သင်တန်းကို ဧဝံဂေလိလုပ်ငန်းကော်မတီရုံးရှိ စုပေါင်းခန်းမ၌ ယခုလ ၁၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆန်းဒေးစကူလ်းဆရာ ဆရာမများနှင့် ပန်းအလှထိုးစိတ်ဝင်စားသူ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၄ ဦး တက်ရောက်ခဲ့ကာ သင်တန်းနည်းပြ အဖြစ် ဆရာမဒေါ်ဇာလင်းခူကစာတွေ့လက်တွေ့ပို့ချခဲ့ကာ သင်တန်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သင်တန်းဆင်းပွဲနှင့်သင်တန်းပြီးမြောက်ကြောင်း လက်မှတ်များကို ဧဝံဂေလိလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် သင်တန်းနည်းပြဆရာမတို့က ပေးအပ်ခဲ့ကြောင်း သိရသည်။
နောယော်ဘော်(ပူတာအို)
ဓာတ်ပုံ (ဆုန်းကျော်)


