ဘိုကလေး  ၁၇   ဩဂုတ် 


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးမှ မျက်စိဆရာဝန်ကြီးနှင့်အဖွဲ့သည်  ဘိုကလေးမြို့နယ် ပြည်သူ့ဆေးရုံ (ယခင်ဆေးရုံဟောင်း)တွင် မျက်စိရောဂါဝေဒနာသည်များအား ကွင်းဆင်းကာ အခမဲ့ကုသဆောင်ရွက် ပေးမည်ဖြစ်သည်။


အဆိုပါအဖွဲ့အနေဖြင့် စက်တင်ဘာ ၆ ရက် နံနက် ၈ နာရီတွင် မျက်စိဝေဒနာရောဂါများအား အခမဲ့ကုသပေးမည်ဖြစ်ကြောင်း၊ မည်သူမဆို အခမဲ့လာရောက် စမ်းသပ်ကုသနိုင်ကြောင်းနှင့် ဘိုကလေးမြို့နယ် မျက်စိဝေဒနာသည်များအား လစဉ်အခမဲ့ကုသပေးလျက်ရှိရာ ယခုအခါ ကိုးကြိမ်မြောက် ကုသမည်ဖြစ်ကြောင်း သိရသည်။


မိုးစက် (ဘိုကလေး)