မန္တလေး  ၁၇   ဩဂုတ်

မြန်မာရိုးရာအစားအစာများကို နိုင်ငံတကာမှ သိရှိစေရန်နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရန် ရည်ရွယ်၍ အာဆီယံအစားအစားပွဲတော်ကို မန္တလေးမြို့၊သိပ္ပံလမ်းပေါ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ဩဂုတ် ၁၇ ရက် မှ ၁၈ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အာဆီယံနိုင်ငံများမှ အစားအစာများနှင့် ဂျပန်၊ ကိုးရီယား၊ တရုတ်၊ အိန္ဒိယ အစရှိသောနိုင်ငံများမှ အစားအစာများလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ပွဲတော်တွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ တိုင်းရင်းသားရိုးရာအစားအစာများ၊ဒေသထုတ်ကုန်များနှင့် အစားအစာများ၊ အာဆီယံနိုင်ငံများမှ အစားအစာများနှင့် အမှတ်တရပစ္စည်းရောင်းချသည့် ဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်း(၁၁၀)ကျော် ခင်းကျင်းပြသလျက်ရှိရာ အဆိုပါပွဲတော် ပထမနေ့ မြင်ကွင်းများအား စုစည်းတင်ပြအပ်ပါသည်။

သန်းဇော်မင်း(ပြန်/ဆက်)