ရန်ကုန် ၁၇ သြဂုတ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် JC (ကမ္ဘောဒီးယား )အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း၏ ဖနွမ်းပင် - ရန်ကုန် ခရီးစဉ်သစ်ကို ယနေ့ စတင်ပျံသန်းပြေးဆွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါလေကြောင်းလိုင်း၏ တိုက်ရိုက်ခရီးစဉ်သစ်ကို ခရီးသည် ၁၈၀ ဦးအား ဝန်ဆောင်မှုပေးနိုင်သည့် A320 လေယာဉ်အမျိုးအစားအသုံးပြု၍ တစ်ပတ်လျှင်သုံးကြိမ် ပြေးဆွဲပျံသန်းသွားမည်ဖြစ်သည်။

လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှ  မြန်မာနိုင်ငံ မန္တလေးသို့ မကာအိုမှတစ်ဆင့် ချိတ်ဆက်ပျံသန်းနေပြီး ယင်းခရီးစဉ်ကို ဒီဇင်ဘာလခန့်တွင် တိုက်ရိုက်ခရီးစဉ်အဖြစ် ပျံသန်းပြေးဆွဲသွားနိုင်ရန် ကြိုးစားနေကြောင်း၊ နောက်ပိုင်းတွင် စီယမ်ရိမ်မြို့မှ ရန်ကုန်၊မန္တလေးမြို့ကြီးများသို့ လေကြောင်းခရီးစဉ်များ တိုးချဲ့ပျံသန်းသွားရန်လည်း အစီအစဉ်ရှိကြောင်း JC လေကြောင်းလိုင်း၏ Chief Operative Officer  နှင့် Chief Pilot Captain Anupama Pathirana တို့  ပြောကြားချက်အရ သိရသည်။

MDN