ဆင်ပေါင်ဝဲ ၁၈ ဩဂုတ်
သက်ငယ်မုဒိမ်း ပပျောက်ရေးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ အမှတ်(၁)အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မင်းမင်းထွေးက သက်ငယ်မုဒိမ်း ပိုမိုဖြစ်ပွားရသည့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်စုစုကျော်က သက်ငယ်မုဒိန်းနှင့် ပတ်သက်သည့် ဥပဒေအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်နေခြည်ဦးက မိဘအုပ်ထိန်းသူများ သတိပြုရမည့် အချက်များနှင့် ကလေးသူငယ်များ သတိပြုရမည့်အချက်များကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
နေခြည်(ဆင်ပေါင်ဝဲ)


