ပူတာအို  ၁၈  သြဂုတ်

တိုင်းရင်းဆေး အသိပညာပေး ဟောပြောခြင်းနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသခြင်းများကို သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီက ပူတာအိုမြို့နယ် မာမူးလဲ့ကျေးရွာအုပ်စု မကျော့ဝါကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

758

 

ဟောပြောပွဲတွင် မြို့နယ် တိုင်းရင်းဆေးဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်မျိုးဦးက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရန် ဆောင်ရန် ရှောင်ရန်အချက်များနှင့် သွေးလွန်တုပ်ကွေးရောဂါ အကြောင်းနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။

 

584

 

ထို့နောက် မကျော့ဝါကျေးရွာနေ ဒေသခံပြည်သူ (၆၆)ဦးအား တိုင်းရင်းဆေးဖြင့် အခမဲ့ ဆေးကုသပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

603

 

ထိုသို့ ဆောင်ရွက်ခြင်းကို ပူတာအိုမြို့နယ် တိုင်းရင်းဆေးဦးစီးဌာနအနေဖြင့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် ရောဂါဘယကင်းစေရေးဟူသော ရည်မှန်းချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)