ဆော ၁၈ သြဂုတ်
ဂန့်ဂေါခရိုင် ဆောမြို့နယ် တိုင်းရင်းဆေးကုဌာန ဆေးကုသရေးအဖွဲ့သည် သြဂုတ် ၁၇ ရက်က လယ်ရင်းကျေးရွာသို့ သွားရောက်ကွင်းဆင်း၍ တိုင်းရင်းဆေးပညာရပ်များဖြင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးကာ ဆေးဝါးများ ကုသပေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကုသ ဆောင်ရွက်ပေးရာတွင် မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ဟန်နီလှစိုးက ရာသီဉတုအလိုက် နေထိုင်စားသောက်နည်းများ၊ လက်ဆေးခြင်း၊ အစာစားပြီးတိုင်း သွားတိုက်ရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ဆောင်ရန်၊ ရှောင်ရန်များ၊ မိုးရာသီတွင်အဖြစ်များသော ရောဂါများ၊ ပတ်ဝန်းကျင်မှ ဆေးဖက်ဝင် အပင်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျေးရွာနေပြည်သူ ၅၄ ဦးတို့အား ကျန်းမာရေး စစ်ဆေးပေးကာ အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)


