လှိုင်သာယာ ၁၈ သြဂုတ် 

 

မီးဘေးနှင့် ငလျင်ဘေးအန္တရာယ် ပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင်မှုကို သြဂုတ် ၁၇ ရက်က လှိုင်သာယာမြို့နယ် ညောင်ကျေးရွာ အ.ထ.က(၉) ကျောင်းခန်းမတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေးနှင့် ငလျင်ဘေးအန္တရာယ်များ ကျရောက်လာပါက စိတ်ကို တည်ငြိမ်အောင်ထား၍ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်စေရန်နှင့် လုံခြုံသောနေရာသို့ အန္တရာယ်ကင်းစွာ ရွှေ့ပြောင်းရေး အသိပညာပေးခြင်းနှင့် အန္တရာယ်မှ လွတ်မြောက်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည်။ 

 

ew

 

ဟောပြောပွဲသို့  ဆရာ၊ ဆရာများနှင့်  ကျောင်းသား ကျောင်းသူ ၃၀ဝ ဦး ပူးပေါင်းလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)