ကျိုက်မရော ၁၈ သြဂုတ်
မွန်ပြည်နယ် ရေဘေးအတွက် အာဆီယံအပေါင်း(၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်ဖြင့် ကိုရီးယားသမ္မတနိုင်ငံမှ ထောက်ပံ့လှူဒါန်းသော ဆန်တန်ချိန် (၁၀)တန် လှူဒါန်းခြင်းကို သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီက ကျိုက်မရောမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ အာဆီယံ အပေါင်း(၃) အရေးပေါ် ဆန်ရိက္ဓာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လှူဒါန်းသော ဆန်များအား မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောကျော်ဝင်းမောင်ထံ လွှဲပြောင်းပေးအပ်လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ ကျိုက်မရောမြို့ ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် ၂၀ဝ အား ပေးအပ်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ကျိုက်မရော)


