လှိုင်းဘွဲ ၁၈ သြဂုတ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဟာဓာတ်အားလိုင်း ရောက်ရှိနေသည့် နေရာမှစပြီး ၁၀ မိုင်အထက် ကျေးရွာ ၁၆ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်ပေးနိုင်ရန်အတွက်  ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်တွင် ခန့်မှန်းကုန်ကျငွေ (၁၈၇၈) ကျပ်သန်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်ကပြောသည်။

 

421

 

အဆိုပါကျေးရွာ ၁၆ ရွာတွင် အိမ်ခြေပေါင်း ၆၈၄ အိမ်အတွက် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးရာတွင် မဟာဓာတ်အားလိုင်းရောက်ရှိနေသည့် နေရာမှစပြီး ၁၀ မိုင်အထက် မီးမရရှိသည့် ကျေးရွာများကို မီးရရှိစေရန်အတွက် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် သီးသန့်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့မီးရရှိရေး ဆောင်ရွက်ပေးရာတွင် တစ်အိမ်သုံးဆိုလာများမှာ ဝပ် ၆၀ နှင့် ဝပ် ၁၀ဝ ဟူ၍ နှစ်မျိုးရှိပြီး မိမိတို့အိမ်များတွင် သုံးစွဲရန်ယူသည့် ဝပ်အလိုက် တပ်ဆင်ပေးသွားမည်ဖြစ်သည်။

 

491

 

“မီးမရရှိသေးတဲ့ ၁၀ မိုင်အထက် ကျေးရွာတွေကို မီးရရှိအောင် ဆောင်ရွက်ပေးသွားမှာပါ၊ ဆောင်ရွက်ပေးတဲ့အခါမှာလဲ ဆိုလာတစ်ချပ်ရဲ့ ကျသင့်ငွေကို အကုန်မပေးရပါဘူး။ လေးပုံတစ်ပုံပဲ ကျခံပေးရမှာပါ၊ အခုလိုမီးရရှိအောင် ဆောင်ရွက်ပေးတဲ့အတွက် လူနေမှုဘဝအဆင့်အတန်းလဲ ဖွံ့ဖြိုးတိုးတက်လာပါမယ်၊ မီးရရှိတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေလဲ ကောင်းမွန်လာပါမယ်၊ ပြီးတော့ ကျေးရွာ ၁၆ ရွာမှာရှိတဲ့ အိမ်ခြေ ၆၈၄ အိမ်အတွက် ဆိုလာ Watt 60 (၂၅၀ ချပ်)၊ Watt 100 (၄၃၄)ချပ်ကို တပ်ဆင်ပေးမည်ဖြစ်ပြီး မူလတန်းကျောင်း ခြောက်ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ အထက်တန်းကျောင်း တစ်ကျောင်း၊ ကျန်းမာရေးအဆောက်အအုံ ငါးခု၊ လမ်းမီးတိုင် ၇၉ တိုင်နှင့် ဘာသာရေးအဆောက်အအုံ ၁၁ လုံးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအား အခမဲ့တပ်ဆင်ပေးသွာမှာပါ”ဟု ဦးစီးမှူးက ဆက်လက်ပြောပြသည်။

အဆိုပါတစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးမည့် ကျေးရွာ ၁၆ ရွာမှာ ရွာမ၊ လုံးနိုင်၊ နောင်ဘိုတိုက်ကျောင်း၊ ခဝဲဘန်၊ ကရင်စု၊ ဗမာစု၊ ဂါတ်တဲကုန်း၊ ကော့စူး၊ လှကမန်း၊ ကျိုက်ပေါင်၊ ကော့နွဲ၊ ကော့နွဲကမ်းနား၊ ကော့နွဲရွာသစ်၊ ကဇိုင်း၊  ကော့နွဲရွာဟောင်း၊ ထီးပလူထ ကျေးရွာများဖြစ်ပြီး ဆိုလာတပ်ဆင်မှုအပိုင်းအား  သြဂုတ်လနောက်ဆုံးပတ်မှ စတင်ကာ ဆောင်ရွက်သွားမည်ဖြစ်သည်။

ငြိမ်းသူ