ဗန်းမောက် ၁၈ ဩဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စီးမော်ကျေးရွာ မံလုံချောင်းကူးတံတား တည်ဆောက်နေမှုမှာ ၅၀ ရာခိုင်နှုန်း ပြီးစီးနေကြောင်းသိရပါသည်။


အဆိုပါတံတားမှာ အလျားပေ (၂၀ဝ)၊ အကျယ် (၁၈)ပေရှိပြီး ဗန်းမောက်မြို့နှင့် ဗန်းမောက်တောင်ပိုင်းဒေသရှိ ကျေးရွာများကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆက်သွယ်ပေးမည့် ချောင်းကူးတံတားကြီးဖြစ်သည်။


တံတားကြီးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၃၆၀ဝ) ကုန်ကျခံကာ လမ်းတံတားအထူးအဖွဲ့(၂)မှ တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါတံတားကြီးပြီးစီးသွားပါက ဗန်းမောက်မြို့တောင်ပိုင်းဒေသရှိ ကျေးရွာများမှ ပြည်သူများ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်သဖြင့် ဗန်းမောက်မြို့နယ်တောင်ပိုင်းနေ ကျေးလက်ပြည်သူများ ဝမ်းသားလျက်ရှိနေကြပြီး ဝန်းသိုမြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့ကို ဆက်သွယ်မည့် မြို့နယ်ချင်းဆက် တံတားလည်းဖြစ်ကြောင်း သိရသည်။


လူအောင်(ကသာ)