မန္တလေး  ၁၈  သြဂုတ် 


မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာ နိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းတို့မှ ရေဘေးသင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူငွေများပေး အပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကျေးဇူးတင်စကားပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်က အလှူရှင်များကိုယ်စားလှူဒါန်းမှုအကြောင်းကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကဆေးနှင့်ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ် သူများအသင်းနှင့် အသင်းဝင် ကုမ္ပဏီ (၂၉) ခုတို့ကရေဘေးအန္တရာယ်သင့် ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုရန် လှူဒါန်း ငွေကျပ် (၃၅,၄၃၀, ၈၅၀) ကို လက်ခံသည်။ 


(သတင်းစဉ်)

 

1