ရန်ကုန် ၁၈ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ(၂)တွင် ယနေ့နံနက် ၉ နာရီက (၂၈)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲထောက်ချုပ် ရဲမှူးချုပ် သန်းတင်အောင်၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက် နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးများ၊ မြို့နယ်မှူးများ၊ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များ၊ လုံခြုံရေးကွပ်ကဲမှုအဖွဲ့များ၊ တပ်ဖွဲ့များ နှင့် လေ့ကျင့်ရေးသင်တန်းကျောင်းများမှ အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရဲထောက်ချုပ် ရဲမှူးချုပ် သန်းတင်အောင် မှ မိန့်ခွန်းပြောကြားခြင်း၊ ရဲထောက်ချုပ် ရဲမှူးချုပ် သန်းတင်အောင် နှင့် အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကို တို့မှ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားအား စစ်တုရင်အရုပ်ရွှေ့၍ ဖွင့်လှစ်ပေးခြင်းတို့ပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်မှ ခုံအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် အားကစားသမား(၁၅)ဦးအား ဆုချီးမြှင့်ခြင်း၊ အမှတ်(၂) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုမှ အသင်းလိုက်တတိယဆုရရှိသည့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ နှင့် အသင်းလိုက်ဒုတိယဆုရရှိသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့အား ဆုချီးမြှင့်ခြင်း၊ ရဲထောက်ချုပ် ရဲမှူးချုပ် သန်းတင်အောင် မှ အသင်းလိုက် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အား တံခွန်စိုက်ဒိုင်းဆုအား ချီးမြှင့်ပေးခဲ့ပြီး ဝ၉၃၀ အချိန် (၂၈)ကြိမ်မြောက် ရဲချုပ်တံခွန်စိုက်ဒိုင်း စစ်တုရင် ပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဆုချီးမြှင့်ပွဲအခမ်းအနား ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။
MDN


