သထုံ  ၁၉  သြဂုတ် 

အခြေခံငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းအမှတ်စဉ်(၉/၂၀၁၉)  ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် သထုံမြို့ ငါးလုပ်ငန်း သင်တန်းကျောင်း(သထုံ)တွင် ကျင်းပရာ အခမ်းအနားတွင် မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးဦးစိုးမင်းက ပြည်နယ်အတွင်း အခြေခံဖြစ်တဲ့ ငါးမွေးမြူရေးကန်ဧက တစ်ထောင်ကျော်ခန့် ရှိနေသော်လည်း ငါးမွေးမြူသူ နည်းပါးနေသောကြောင့် ယခုကဲ့သို့ ပြည်သူများ စိတ်ပါဝင်စားလာအောင် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်းနှင့် ဆင့်ပွား၍ ငါးမွေးမြူရေးလုပ်ငန်းတိုးတက်လာစေရန်အတွက် စည်းရုံးဆောင်ရွက်ကြရန် ပြောကြားသည်။

 

1215

 

သင်တန်းတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးဝင်းဗိုလ်နှင့် သင်တန်းဆရာများက  ငါးအကြောင်း သိကောင်းစရာ၊ ငါးကန်တူးဖော်ခြင်းနှင့် ကန်ပြင်ဆင်ခြင်း၊ ကန်အရည်အသွေးပြုပြင်ခြင်း၊ ငါးမှုန်/ ငါးသန်/မျိုး ငါးအစာကျွေးခြင်းနည်းစနစ်၊ ငါးမှုန်/ငါးသန် ပြုစုမွေးမြူခြင်း၊ငါးမျိုးဗီဇမြင့်တင်ခြင်း၊ ရေ အရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ ငါးရောဂါကာကွယ်ခြင်း၊ သဘာဝငါးသယံဇာတအကြောင်း(Ecosystem GAqP)စနစ်ဖြင့် မွေးမြူခြင်း အကြောင်း သင်ခန်းစာများကို ပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်၊ ကျိုက်ထို၊ မုဒုံ၊ ပေါင်မြို့များမှ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် စိုက်သိပ္ပံကျောင်းများ၊ မော်လမြိုင်တက္ကသိုလ်ကျောင်း မှ ကျောင်းသား/သူ စုစုပေါင်း ၂၆ ဦး တက်ရောက်သင်ကြားနေကြောင်းနှင့် သင်တန်းကာလ သြဂုတ် ၂၁ ရက်နေ့အထိ သုံးရက်တာအတွင်း နေထိုင်၊ စားသောက် စားရိတ်ငြိမ်းဖြင့် အခမဲ့သင်ကြားပေးနေကြောင်း သိရသည်။ 

ငါးလုပ်ငန်းသင်တန်းကျောင်း(သထုံ)အား မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ မှ ၂၀၁၈ ခုနူစ် ဇူလိုင် ၉ ရက်နေ့မှ ဖွင့်လှစ်ခဲ့ပြီးသည့်နောက်ပိုင်း ယနေ့အချိန်ထိ ရေသယံဇာတထိမ်းသိမ်းရေးသင်တန်း၊ ရေချို/ရေငံပုဇွန် မွေးမြူရေးသင်တန်း၊ ကကတစ်ငါးမွေးမြူရေးသင်တန်း၊  ငါးမွေးမြူရေးနှင့်ပတ်သတ်သောဘာသာရပ်များအား  သင်ကြားပေးနေကြောင်း သိရသည်။

ခွန်(ဝင်းပ)