မင်းဘူး   ၁၉ သြဂုတ် 


မှုခင်းကျဆင်းရေးနှင့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို သြဂုတ် ၁၈ မွန်းလွဲ ၂ နာရီခွဲက မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ ကံသစ်ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဟောပြောပွဲတွင် စကုနယ်မြေစခန်းမှူး ရဲအုပ်သိန်းဟန်မိုးက သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများအတွက် ပြစ်မှု ပြစ်ဒဏ်များ၊ မိဘများအနေဖြင့် သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး သိရှိလိုက်နာရမည့် အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း ဆိုးကျိုးများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းများ၊ လူကုန်ကူးမှု မဖြစ်ပွားစေရေး ဆောင်ရန် ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။ 


ဟောပြောပွဲသို့ ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


မျိုးမြတ်(မင်းဘူး)