နေပြည်တော် ၁၉ ဩဂုတ်  

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး၊ (၁၃)ရက် မြောက်နေ့သို့ မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ/ ဆရာမ များ၊ကျောင်းသား/ကျောင်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့်လာရောက် လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၂၇၉) ဦး တက်ရောက်လေ့လာကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း (၅၇,၁၁၂) ဦး ရှိပြီး လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံး တို့မှသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင် ကြောင်း သိရသည်။   

(သတင်းစဉ်)