ကျောက်မဲ ၁၉ သြဂုတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ စည်ပင်သာယာရေး အစည်းအဝေးခန်းမ၌ သြဂုတ် ၁၉ ရက် နံနက် ၉ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေး နှစ်အတွက် အသားထုတ်လုပ်လက်မှတ် စနစ်ဖြင့် သားသတ်ခြင်းနှင့် အသားထုတ်လုပ် ရောင်းချခွင့် လိုင်စင်များ ပေးအပ်ပွဲပြုလုပ်ခဲ့ရာ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးရဲထွဋ်နိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ အမှာစကားပြောကြားခဲ့ပြီး စည်ပင်အမှုဆောင် အရာရှိ ဦးစိုးနိုင်ဦးက ၂၀၁၉ − ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ် လက်မှတ်စနစ်ဖြင့် သားသတ်ခြင်းနှင့် အသားထုတ်လုပ်ရောင်းချခွင့်ဆိုင်ရာ စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ရောင်းချခွင့် လက်မှတ်စနစ်ဖြင့် သားသတ်ခြင်းနှင့် အသားထုတ်လုပ်ခွင့်လိုင်စင်များကို တာဝန်ရှိသူများက ကျောက်မဲမြို့နယ်နှင့် မြို့နယ် ခွဲများမှ လုပ်ငန်းရှင် ၂၆ ဦးအား တစ်ဦးချင်းလက်ဝယ်သို့ ပေးအပ်ခဲ့သည်။
ယခင်က စည်ပင်သာယာရေးကော်မတီအနေဖြင့် အသားသတ်ထုတ်လုပ်ရောင်းချခွင့် လုပ်ငန်းကို ပုဂ္ဂလိက လေလံစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅−၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်၍ အသားထုတ်လုပ် လက်မှတ်စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြောင်း စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ကျောက်မဲခရိုင် ပြန်/ဆက်


