ကျောက်ဆည် ၁၉  ဩဂုတ်


ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် လူငယ်နှင့်ကောင်းမွန်သော အနာဂတ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ စကားဝိုင်းများကို ဩဂုတ်(၂၀)ရက် နံနက်ပိုင်းတွင် မင်းစု အခြေခံပညာ အထက်တန်းကျောင်းတွင် လည်းကောင်း၊ ဩဂုတ်(၂၁)ရက်နေ့ နံနက်ပိုင်းအချိန် သံရွာအခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း အသီးသီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


စကားဝိုင်းများတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကျော့မြတ်ခိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန့်ဝင်း၊ မြို့နယ်အားကစားနှင့်  ကာယပညာဦးစီးဌာန ဦးစီးမှူး ဒေါ်မြမင်းမင်းမူ၊ မင်းစုတိုက်နယ်ဆေးရုံမှ ဒေါက်တာဝေလင်းဘိုနှင့် မင်းစုနယ်မြေရဲစခန်းမှ ရဲအုပ်မြင့်ဝေ တို့က ဦးဆောင်ဆွေးနွေးသွားကြမည်ဖြစ်ပြီး ဆွေးနွေးသွားကြသည့်အပေါ် အခမ်းအနား တက်ရောက်လာကြသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ၎င်းတို့၏အနာဂတ် မျှော်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရန်အတွက် လိုအပ်မည့် အကြောင်းအရာများကို ပြန်လှန်မေးမြန်း ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။


သက်မောင် ခရိုင်(ပြန်/ဆက်)