နေပြည်တော် ၁၉ ဩဂုတ်
ပြည်သူ့လွှတ်တော်၊အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဒေါက်တာဒေါ်ခင်စိုးစိုးကြည် သည် ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်မှဒေါ်မေစံပယ်ဖြူ နှင့် အဖွဲ့အားယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် ၊ အဆောင်အမှတ် (I-12) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကျား၊မ ရေးရာတန်းတူညီမျှရေးကွန်ရက်မှ အကောင်အထည်ဖော် ဆောင်ရွက် နေသော လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေါင်းဆောင်မှု သင်တန်းများ၊ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေးအတွက် အသိပညာပေးသည့် လုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေး ဥပဒေမူကြမ်း ထွက်ပေါ်လာရေးနှင့် Gender responsive budget ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


