နေပြည်တော်  ၁၉  သြဂုတ် 


ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) Mr.Suchart Tonjaroen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ည ၇ နာရီတွင် နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြသည်။


ထိုင်းနိုင်ငံအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ (၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


(သတင်းစဉ်)

 

DSC_23