ရန်ကုန်  ၁၉  ဩဂုတ် 


မိုင်းခွဲဖျက်ဆီးခံရသော မန္တလေး-လားရှိုး-မူဆယ် နယ်စပ်ကုန်သွယ်ရေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ကြီးကြပ်မှုဖြင့် တံတားအထူးအဖွဲ့များက တည်ဆောက်တပ်ဆင်လျက်ရှိရာ ယနေ့တွင် အလျားပေ ၂၁၀ နှစ်လမ်းသွားဘေလီ တံတား သံပေါင်များတပ်ဆင်ပြီးဖြစ်သည်။


သို့ဖြစ်၍  တံတားကြမ်းခင်းများ ဆက်လက်တပ်ဆင်ရာ  ပြီးစီးတော့မည်ဖြစ်သဖြင့် ဩဂုတ်၂၀ ရက်တွင် ကားများဖြတ်သန်းမောင်းနှင်ခွင့်ပြုတော့မည်ဟု သိရသည်။


အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ အင်ဂျင်နီယာ ၂၈ ဦးတို့က ဦးဆောင်၍ တံတားအထူးအဖွဲ့ ၂၊ ၄၊ ၆၊ ၉၊ ၁၂ နှင့် တည်ဆောက်ရေးအဖွဲ့(၃)တို့မှ ကျွမ်းကျင် ဝန်ထမ်း ၁၀၅ ဦး စုစုပေါင်း ၁၃၃ ဦးတို့က အဖွဲ့များခွဲ၍ နေ့ညတည်ဆောက်နေကြခြင်းဖြစ်သည်။


ခရမ်းစိုးမြင့်