လန်ဒန် ၂၀ ဩဂုတ်
ဘရီးဇစ်ဝန်ကြီး စတက်ဖင်ဘာကလေသည် ဗြိတိန်နိုင်ငံ၌ ဥရောပသမဂ္ဂ၏ တရားဥပဒေ သက်ရောက်မှု အောက်တိုဘာ ၃၁ ရက်တွင် အဆုံးသတ်နိုင်မည့် အမိန့်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဗြိတိန်အစိုးရက ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
၁၉၇၂ ခုနှစ် ဗြိတိန် ဥရောပသမဂ္ဂအဖွဲ့သို့ စတင်ဝင်ရောက်စဉ်က ပြဋ္ဌာန်းခဲ့သည့် ပါလီမန်အက်ဥပဒေကို ရုပ်သိမ်းရန် ဥပဒေတစ်ရပ်ကို ဘာကလေက လက်မှတ်ရေး ထိုးခဲ့ခြင်းဖြစ်သည်။
၁၉၇၂ ခုနှစ် ဥရောပအသိုက်အဝန်း အက်ဥပဒေအရ ဥရောပသမဂ္ဂမှ ဥပဒေများ ဗြိတိန်ဥပဒေအတွင်းသို့ တိုက်ရိုက်စီးဆင်းဝင်ရောက်သွားသည်။ ၁၉၇၂ အက်ဥပဒေကို ရုပ်သိမ်းပြီး ဥရောပသမဂ္ဂမှ နုတ်ထွက်ခွင့်ဥပဒေကို ပြဋ္ဌာန်းသွားမည် ဖြစ်သည်။ ၁၉၇၂ အက်ဥပဒေကို ရုပ်သိမ်းမှုသည် အောက်တိုဘာ ၃၁ ရက် ဥရောပသမဂ္ဂမှ ဗြိတိန် တရားဝင်နုတ်ထွက်သည့်အချိန်တွင် စတင်သက်ရောက်မည်ဖြစ်သည်။
ဆင်ဟွာ