နေပြည်တော် ၂၀ သြဂုတ်


နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ ကျသောင်းတောင်ကျေးရွာအုပ်စု၊ ကျေးတန်းကူကျေးရွာတွင် သြဂုတ် ၁၉ ရက် နံနက် ၆ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ များလာပြီး  သစ်ပုတ်ပင် - ကျေးတန်းကူ ကျေးရွာချင်းဆက်လမ်းတွင် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးဆုံးရှုံးမှု ရှိနိုင်သော ကျေးလက်ကျန်းမာရေး အဆောက်အဦအား လယ်ဝေးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး ဖြတ်သန်းသွားရန် အန္တရာယ်ရှိနိုင်သည့် လမ်းများကို ပိတ်ဆို့ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ မှ သတင်းရရှိသည်။


MDN