စေတုတ္တရာ    ၂၀  ဩဂုတ်

    
မကွေးတိုင်းဒေကြီးတွင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ စေတုတ္တရာမြို့နယ်ရှိ ဒေသခံပြည်သူများအား ဩဂုတ် ၁၉ ရက်စတင်ကာ စေတုတ္တရာမြို့ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် ဆေးကုသမှုပါရဂူ(၃)ဉီး၊ ခွဲစိတ်ပါရဂူ(၅)ဉီး၊ ကျန်းမာရေးပါရဂူ(၃)ဉီး၊ သားဖွားမီးယပ်ပါရဂူ(၂)ဉီး၊ ကလေးကျန်းမာရေးပါရဂူ(၂)ဉီး၊ ရောဂါဗေဒပါရဂူ(၁)ဉီး၊ မျက်စိပါရဂူ(၃)ဉီး၊ နား၊နှာခေါင်း၊ လည်ချောင်းပါရဂူ(၁)ဉီး၊ အရိုးရောဂါပါရဂူ(၁)ဉီး၊ မေ့ဆေးပါရဂူ(၂)ဉီး၊  ဓာတ်မှန်ပါရဂူ(၂)ဉီး၊ အဏုဇီဝဗေဒပါရဂူ(၁)ဉီး၊ ဆေးဝါးဗေဒပါရဂူ(၁)ဉီး၊ ပြန်လည်သန်စွမ်းရေးပါရဂူ(၁)ဉီး စသည့်ဖြင့် ပါရဂူ(၂၈)ဉီးက ဉီးဆောင်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


ကျန်းမာရေးစောင့်ရှောက်မှုများအား မြို့ပေါ်တွင်သာမက ကျေးရွာများအထိ ဆောင်ရွက်လျက်ရှိရာ ဩဂုတ်လ ၁၉ ရက်နေ့တွင် ဆေးကုသမှုဆိုင်ရာရောဂါ(၂၈၁)ဉီး၊ ခွဲစိတ်ရောဂါ(၇၉)ဉီး၊ ကလေးရောဂါ(၃၆)ဉီး၊ အရိုးရောဂါ(၁၂၁)ဉီး၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ(၅၃)ဉီး၊ မျက်စိရောဂါ(၂၈၁)ဉီး၊ သွားရောဂါ(၅၂)ဉီး၊ အခြားရောဂါ(၁၃၀)ဉီးနှင့် ဆေးရုံသို့လွှဲပြောင်းကုသစေသည့် လူနာ(၄)ဉီးဖြင့် စုစုပေါင်း လူနာ(၁၁၀၄)ဉီးအား ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။


စည်သူလွင်(ပြန်/ဆက်)