ရေတာရှည် ၂၀  သြဂုတ် 


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ Brac Myanmar  အသေးစား ငွေရေးကြေးရေးကုမ္ပဏီ လီမီတက်မှ မသန်စွမ်းသူ ၂၂ ဦးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ရေတာရှည်မြို့၊ အမှတ် ၄ ရပ်ကွက်ရှိ Brac Myanmar ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မသန်စွမ်းသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၆ ဦးတို့အား စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် ရေတင်စက် ၅ လုံး၊ မြေသြဇာ ၃၅ အိတ်၊ မြက်ရိတ်စက် ၁ ခု၊ ဆေးဖြန်းပုံး ၁ ခု၊ ပေ ၁၀ဝ အရှည်ရှိသည့် ရေတင်ပိုက် ၇ ခွေကိုလည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် နွား နှစ်ကောင်၊ ကျွဲတစ်ကောင်၊ ဝက် ၃၄ ကောင်တို့ကို ပေးအပ်ခဲ့သည်။ 


အခမ်းအနားတွင် Brac Myanmar  ကုမ္ပဏီလီမီတက်မှ Country Managment အဖွဲ့ဝင် ဦးအောင်ကိုကိုက မသန်စွမ်းသူများအတွက် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်နှင်းစုဝေက မြို့နယ်အသီးသီးတွင် အကောင်းအထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 


မသန်စွမ်းသူများသူများ၏ အရည်အချင်းများကို တန်ဖိုးထားယုံကြည်ကာ ၄င်းတို့၏ စီးပွားရေး၊ လူမှုရေးနှင့် မိမိကိုယ်မိမိ ယုံကြည်မှုပိုမိုမြှင့်တင်ပေးခြင်း၊ အခွင့်အလမ်းကောင်းများ ရရှိ၍ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာများ ထောက်ပံ့ပေးအပ်ခြင်းဖြင့် လူမှုဘဝမြှင့်မားတိုးတက်ရေးကို ရည်ရွယ်ကာ Brac Myanmar  အသေးစား ငွေရေးကြေးရေး ကုမ္ပဏီလီမီတက်မှ မသန်စွမ်းသူများအတွက် ငွေကျပ် ကျပ် ၆၈ သိန်း ၉ သောင်းတန်ဖိုးရှိ ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ကိုလွင်(ဆွာ)