ကလိန်အောင် ၂၀ သြဂုတ်


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့ မနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးရှိ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သည်။


ကလိန်အောင်မြို့တွင် သြဂုတ် ၁၀ ရက်က မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စု ၉၉ စု၊ လူဦးရေ ၄၂၆ ဦးတို့အား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၈၉၄၆၀ဝ (ရှစ်သိန်းကိုးသောင်း လေးထောင့်ခြောက်ရာ) ကို   တိုင်းဒေသကြီး ဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနကိုယ်စား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပေးအပ်ခဲ့ကြောင်း ကလိန်အောင်(ပြန်/ဆက်) မှ သိရသည်။


MDN