ဖလမ်း    ၂၀     သြဂုတ်        


ချင်းပြည်နယ်၊ ဖလမ်းမြို့ မြို့မရဲစခန်းရှိ အချုပ်သူ အချုပ်သားများအား စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ တိုးတက် ပြောင်းလဲစေရေး၊ အသိပညာဗဟုသုတရရှိရေးအတွက် စာအုပ်စာစောင်များ ကွင်းဆင်း ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး ဝန်ထမ်းများက သြဂုတ် ၂၀ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့မရဲစခန်း အချုပ်ခန်း၌ သွားရောက်ဆောင်ရွက်သည်။


ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး ဒုတိယဉီးစီးမှူး ဦးဟရန်အဲရ်နှင့် ဝန်ထမ်းများက အဆိုပါအချုပ်စခန်းသို့သွားရောက်ပြီး အချုပ်သူ/ သားမျာအား စာအုပ်စာစောင်များ ငှားရမ်းပေးသည်။ 


စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ဖလမ်းမြို့ မြို့မရဲစခန်း ခေတ္တစခန်းမှူး ဒုရဲမှူး မင်းသိန်းနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


ဂျွန်