ရန်ကုန် ၂၀ သြဂုတ်
သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှမများထံသို့ သန်လျင်မြို့နယ်မှ စေတနာရှင် အလှူရှင်များ စုပေါင်း၍ အလှူ ငွေနှင့် ဆန်၊ ဆီ၊ ဆား၊ အသင့်စား ခေါက်ဆွဲခြောက်များနှင့် ဆေးဝါးများအား ယနေ့ နံနက် ၈ နာရီက မွန်ပြည်နယ်သို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သော သေသများအတွက် သန်လျင်မြို့နယ် စေတနာရှင် ပြည်သူများက စုပေါင်းလှူဒါန်း ငွေကျပ် ၁၀ဝ သိန်း၊ ဆန်အိတ် ၁၀ဝ နှင့် ဆန်၊ ဆီ၊ ဆား ဆေးဝါးများအား မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းမင်းအောင်တို့ထံ သန်လျင်မြို့နယ် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးနေလင်းအောင်၊ ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့များက ပေးအပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


