သံတောင်ကြီး ၂၀ သြဂုတ်
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် မြို့နယ်အဆင့် မိခင်နို့ စနစ်တကျတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးနေသွေးက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုစိတ်ဝင်စားကာ ပူးပေါင်းဆောင်ရွက်လာစေရန်၊ မိခင်နို့ကို မွေးစမှအသက်(၂)နှစ်အထိတိုက်ကျွေးရန်၊ ကိုယ်ဝန်ဆောင်စဉ် အစာပိုပြီးစားရန် အိုင်အိုဒင်းဆား လူတိုင်းစားသုံးရန် ပြောကြားခဲ့သည်။
ထို့နောက် မိခင်ကလေးစောင်ရှောက်ရေးနှင့်အမျိုးသမီးရေးရာအဖွဲ့များက ကိုယ်ဝန်ဆောင်မိခင်များအား ကြက်ဥနှင့် အိုင်အိုဒင်းဆားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


