နေပြည်တော် ၂၀ သြဂုတ်


ဂုတ်တွင်းတံတား ယာယီဘေလီ တံတားပေါ်မှ ယနေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာ အိမ်စီးကားငယ်များကို စတင်ဖြတ်သန်း ခွင့်ပြုနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ  သိရသည်။ 


အဆိုပါတံတားသည် သြဂုတ် ၁၅ ရက်  နံနက်ပိုင်းတွင် ဗုံးခွဲ ဖျက်ဆီးခြင်း ခံခဲ့ရပြီး သြဂုတ် ၁၆ ရက်မှ စတင်ကာ ယာယီဘေလီတံတား တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ 


MDN