၂၀ ဩဂုတ်

ဟောင်ကောင်တွင် ဆက်လက်ဖြစ်ပွားနေသော ဆန္ဒပြမှုများကို လျော့ပါးစေရန် ရည်ရွယ်ပြီး တွစ်တာနှင့် ဖေ့စ်ဘွတ်ခ်အကောင့်များကို ယာယီပိတ်သိမ်းထားကြောင်း အမေရိကန် ဆိုရှယ်မီဒီယာကုမ္ပဏီများက ပြောပြခဲ့သည်။ အဆိုပါအကောင့်များတွင် တရုတ်အာဏာပိုင်များ ပါဝင်ပတ်သက်မှုရှိကြောင်းလည်း ၎င်းတို့က အတည်ပြုပြောကြားခဲ့သည်။

တရုတ်ပြည်မကြီးမှ စတင်သည်ဟု ယူဆရသော အကောင့် ၉၃၆ ခုကို ခေတ္တရပ်နားထားကြောင်း တွစ်တာမှ ယမန်နေ့က ပြောကြားသွားခဲ့သည်။ အဆိုပါ အကောင့်များရပ်နားခြင်းသည် ဒေသတွင်း နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လှုံ့ဆော်နေသည့် ဟောင်ကောင်ဆန္ဒပြမှုများကို လျော့နည်းသွားစေကြောင်းလည်း ပြောခဲ့သည်။ 

တရုတ်အစိုးရသည် ဆိုရှယ်မီဒီယာအသုံးပြုမှုကို ပိတ်ပင်ထားသည့်အတွက် အဆိုပါအကောင့်များသည် VPN အသုံးပြု၍ တွစ်တာကို ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့၏ တွေ့ရှိချက်အရ အဆိုပါအကောင့်များတွင် တရုတ်အာဏာပိုင်များလည်း စနစ်တကျ ပါဝင်မှုရှိနေကြောင်း တွေ့ရှိခဲ့သည်။ 

 ဆန္ဒပြသူများကို အကြမ်းဖက်သမားများအဖြစ်‌ ဖော်ပြနေသော အကောင့်ငါးခုနှင့် ပေ့ချ် ခုနှစ်ခုကို ဖေ့စ်ဘွတ်ခ်မှ ယမန်နေ့က ဖယ်ရှားခဲ့ကြောင်းလည်း သိရသည်။ အချို့သော ပို့စ်များကို အကောင့်တုများ နှင့် တင်ခဲ့ကြောင်းကိုလည်း ဖေ့စ်ဘွတ်ခ်မှ ပြောထားသည်။ ထို့အပြင် တရုတ်အာဏာပိုင်နှင့် အဆက်အသွယ်ရှိသည်ဟု ဖြစ်နိုင်ချေရှိသူများ ပါဝင်ပတ်သက်မှုကိုလည်း ဖော်ထုတ်ထားကြောင်း သိရသည်။ 

ဉပဒေနှင့် ဆန့်ကျင်သော ဆောင်ရွက်မှုများကို ဖြည်းဖြည်းချင်း ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီနှစ်ခုက ပြောသွားခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်