ဝိုင်းမော် ၂၀ ဩဂုတ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဇွန်လနောက်ဆုံးပတ်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် မန်ဝိန်းကျေးရွာရှိ ဆွတ်ဂျတ်ရေလွှဲဆည်အား ပြုပြင်ပြီးစီးပြီဖြစ်၍ သြဂုတ်၂၀ ရက် နံနက် ၁၀ နာရီခွဲက ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ရေလွှဲဆည်မှာ ဇွန် ၂၆ ရက်ညပိုင်းက ဝိုင်းမော်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှဲဆည်တာဘောင်၌ အမှိုက်များ ပိတ်ဆို့၍ အရှည်ပေ ၃၀၊ အကျယ် ၂ ပေခွဲနှင့် အမြင့်(၈)ပေရှိ တာဘောင် ကျိုးပေါက်ခြင်းဖြစ်ကာ တာဝန်ရှိသူများက ဇူလိုင် ၃ ရက်မှစ၍ အသစ်တည်ဆောက်ပြင်ဆင်ခဲ့ရာ ယခုအခါရာနှုန်းပြည့်ပြင်ဆင်ပြီးပြီဖြစ်၍ ဆွတ်ဂျတ်ဆည်ရေသောက် ဧရိယာအတွင်းရှိ မန်ဝိန်းကျေးရွာနေ ပြည်သူများ၏ လယ်မြေဧက ၂၀ဝ ကျော်အား ဆည်ရေပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


