၂၀ သြဂုတ်

 

အိန္ဒိယနိုင်ငံက ချန်ဒရာယမ်း ၂ ( လကမ္ဘာဆင်းယာဉ် -၂) ကို လကမ္ဘာပတ်လမ်းထဲကို ဒီကနေ့ (အင်္ဂါနေ့) မှာ ပစ်လွှတ်နိုင်ခဲ့ခြင်းဟာ သမိုင်းဝင်တဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေကြပါတယ်။ အာကသယာဉ်ဟာ စကြာဝဠာထဲမှာ သီတင်းလေးပတ်ကြာပြီးနောက် လကမ္ဘာပတ်လမ်းမှာ စီစဉ်ထားတဲ့အတိုင်း ချိတ်ဆက်နိုင်ကြောင်း အိန္ဒိယအာကာသ သုတေသနအဖွဲ့ (ISRO) က ထုတ်ပြန်ကြောငြာထားပါတယ်။ 


အိန္ဒိယနိုင်ငံဟာ လကမ္ဘာပေါ် အာကာသယာဉ်လွှတ်တင်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံ ဖြစ်လာပြီဖြစ်ပါတယ်။ လကမ္ဘာထဲမှာ ရုရှား၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေရဲ့ အာကာသယာဉ်တွေ ရှိပြီးဖြစ်ပါတယ်။ 
အာကာသယာဉ်ဟာ စီစဉ်ထားတဲ့အတိုင်း လုပ်နိုင်မယ်ဆိုရင် စက်တင်ဘ ၇ ရက်နေ့မှာ လကမ္ဘာရဲ့ တောင်ပိုင်းကို ဆိုက်ရောက်ပြီး လမျက်နှာပြင်ကိုအဓိကထား လေ့လာမှာဖြစ်ပြီး လပေါ်မှာ ရေ၊ သတ္တုနဲ့ လကမ္ဘာပေါ်မှာ ငလျင်လှုပ်နိုင်သလားဆိုတာနဲ့ တခြားအရာတွေပါ လေ့လာမှာဖြစ်ပါတယ်။ 


ဒီအာကာသယာဉ်ဟာ အမေရိကန် ဒေါ်လာ ၁၄၅ သန်းတန်ဖိုးရှိပါတယ်။  ၂၀ဝ၈ ခုနှစ်ကလည်း အိန္ဒိယနိုင်ငံက လကမ္ဘာကို အာကာသယာဉ် ချန်ဒရာယမ်း -၁ ပစ်လွှတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီယာဉ်ဟာ လမျက်နှာပေါ် မဆင်းသက်နိုင်ခဲ့ပါဘူး။ အဲဒီယာဉ်ကနေ လကမ္ဘာပေါ်မှာ ရေရှိကြောင်း အသေးစိတ်ကို ရေဒါတွေသုံးပြီး တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ 


အိန္ဒိယဝန်ကြီးချုပ် မိုဒီက အခုလို လပေါ်ကို အာကာသယာဉ် ဆင်းသက်နိုင်တာ အာကာသစီမံကိန်းကြီးရဲ့ ပဏာမ အစီစဉ်သာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ လူဆင်းသက်နိုင်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 
၂၀၁၄ ခုနှစ်ကလည်း  အင်္ဂါဂြိ်ုလ်ပေါ်မှာ  ဂြိုလ်တုတစ်ခု ပစ်လွှတ်ခဲ့ပါသေးတယ်။ အင်္ဂါဂြိုလ်ပတ်လမ်းမှာ ဂြိုလ်တု ပစ်တင်ရာတွင်လည်း အိန္ဒိယနိုင်ငံဟာ စတုတ္ထမြောက်နိုင်ငံဖြစ်ပါတယ်။ 


MDN
ကိုးကား -AFP