နေပြည်တော် ၂၀ ဩဂုတ် 

ပြည်သူ့လွှတ်တော်၊ လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့အဖွဲ့ ခေါင်းဆောင်၊ (၄၀) ကြိမ်မြောက် အာဆီယံပါလီမန်များ ညီလာခံသို့ တက်ရောက်မည့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်  ဒေါ်စုစုလွင် သည် ထိုင်းနိုင်ငံအောက်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ(၁) Mr. Suchart Tonjaroen နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ၊ သဘင်ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- ထိုင်း နှစ်နိုင်ငံ လွှတ်တော်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေး၊ ထိုင်းနိုင်ငံတွင် ကျင်းပ မည့် အာဆီယံပါလီမန်များ အစည်းအဝေး 40th AIPA General  Assembly နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်း၊ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာ သန်းဝင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ဦးဘိုဘိုဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်၊ ဒေါ်နော်လှလှစိုး၊ ပြည်ထောင်စုလွှတ်တော် ရုံးနှင့်  ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။ 

(သတင်းစဉ်)