လွိုင်ကော်  ၂၀   သြဂုတ်

 

ရေပြင်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲက ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယားကန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် လွိုင်ကော်ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သန်း အနီးကပ်ကြီးကြပ်မှုဖြင့် လွိုင်ကော်ခရိုင် ရှာဖွေကယ်ဆယ်ရေး အထူးတပ်စု မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးတို့က ရေပြင်ရှာဖွေကယ်ဆယ်ရေး လက်တွေ့လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

 

အဆိုပါ လေ့ကျင့်ခြင်းကို ရေကြီးနစ်မြှုပ်မှု ဖြစ်စဉ်များတွင် ထိရောက်လျင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

လွိုင်ကော်သား