ပိုင်ကျုံ ၂၀ သြဂုတ် 

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက ဒေါ်လန်းကျေးရွာရှိ ရေဘေးကယ်ဆယ်ဆယ်ရေးစခန်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

700

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် အဖွဲ့ဝင်များက ဒေါ်လန်းကျေးရွာ အုပ်စုအတွင်းရှိ ရေကြီးနစ်မြုပ်လျက်ရှိသည့် အိမ်ထောင်စု (၁၂၈၇)စု၊ လူဦးရေ (၆၅၁၃)ဦးအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၄)ပြည်၊ ဆီတစ်လီတာ၊ သောက်ရေသန့်၊ ငါးသေတ္တာဘူး၊ အချိုရည်၊ မားမားဆီချက် ခေါက်ဆွဲများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ယနေ့ ညနေပိုင်းတွင် မကွေးအခြေစိုက် ညီအစ်ကိုနှင့် မောင်နှမများ လူမှုကယ်ဆယ်ရေးအသင်းမှ ဦးစည်ဖြိုးသူနှင့် အဖွဲ့ဝင်များက ဒေါ်လန်းကျေးရွာရှိ ရေဘေးသင့်ပြည်သူမျာအတွက် ဆန်(၆)ပြည်အိတ် (၂၈၀)အိတ်၊ ဆီတစ်လီတာ (၂၈၀)ဘူး၊ ငါးသေတ္တာ (၂၈၀)ဘူး၊ လဖက်သုပ်အထုပ် (၃၀ဝ)ထုပ်၊ ခေါက်ဆွဲခြောက်  (၈)ဖာနှင့် နို့ဆီ ၄၈ ဘူးပါ (၆)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါနလင်း(ပိုင်ကျုံ)