ကျီခါး ၂၁ ဩဂုတ်    


ချင်းပြည်နယ် ကျီခါးမြို့နှင့်ခေါဒမ်ကျေးရွာကြား ဆက်သွယ်ထားသည့် ကြိုးတံတား ပျက်စီးနေသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကားကူးကြိုးတံတား(သံကြမ်းခင်း)အသစ် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း(၇၅) ရာခိုင်နှုန်းပြီစီးနေပြီး စက်တင်ဘာလကုန်အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ကျီခါး-ခေါဒမ်ကြား ကားကူးကြိုးတံတား အရှည်ပေ ၁၁၀၊ အနံ ၁၂ပေကို (န. တ. လ) ရန်ပုံငွေကျပ် (၈၈ ဒသမ  ၈၂၅၀ဝ) သန်းဖြင့် လျန်မုန်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါတံတားတည်ဆောက်မှု ပြီးစီးသွားပါက ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 


ကျီခါး(ပြန်/ဆက်)