ပေါက် ၂၁ သြဂုတ်
ပေါက်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်းကြီးမှူးကျင်းပသော ကျောင်း အခြေပြုမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့်လက်တွေ့သရုပ်ပြပွဲကိုချောင်း ကူးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းရှေ့ကွင်းပြင်၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူးဦးဟိန်းသူက မီးသတ်ဦးစီးဌာန၏ အဓိကရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဟူသော တာဝန်ကြီး (၄)ရပ်နှင့်အတူ ရုတ်တရက်မီးဘေး၊ သဘာဝဘေး ကြုံတွေ့လာပါက လက်တွေ့လုပ်ကိုင် ဆောင်ရွက်ရမည့် နည်းလမ်းများကို တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မီးသတ်ဦးစီးဌာန ဒုမြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ဒုတပ်ဖွဲ့မှူး ဦးခင်မောင်ဟန်နှင့် တပ်ဖွဲ့ဝင်များကမီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်း၊ ဂက်(စ်)အိုး အသုံးပြု၍ မီးငြိမ်းသတ်ခြင်းနှင့် သဘာဝဘေး ကျရောက်လာပါက အဆောက်အဦပြိုကျ၍ ပိတ်မိနေသူများကို ကယ်ထုတ်ခြင်း၊ ဦးခေါင်းထိ ခိုက်ဒဏ်ရာနှင့် လက်ကျိုးနေသော လူနာများအား ရှေးဦးသူနာပြုစုနည်းများကို လက်တွေ့သရုတ်ပြသခဲ့ရာ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများကလည်း လက်တွေ့ပါဝင် သရုပ်ဖော်ပြသခဲ့ကြောင်း သိရပါသည်။
ဉာဏ်တိုး(ပေါက်)


