စလင်း ၂၁  ဩဂုတ် 

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့အမှတ်(၁) အ.ထ.က ကျောင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲကိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများအားဖိတ်ခေါ်၍ အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင် "ပြည်သူ့ဘဝငြိမ်းချမ်းဖို့ ဒီမိုကရေစီဖော်ဆောင်စို့" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူ (၃၃)ဉီးဖြင့်လည်းကောင်း အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲတွင် "ဒီမိုကရေစီအားကောင်းရေး တို့လူငယ်များဝန်းရံပေး" ခေါင်းစဉ်ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ (၁၉)ဉီး စုစုပေါင်း(၅၃)ဉီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အထက်တန်းနှင့် အလယ်တန်းအဆင့်ပြိုင်ပွဲတစ်ခုချင်းစီ၏ အဆင့်အလိုက် ပထမဆုရရှိသူ (၁)ဦးစီရွှေးချယ်ပြီး မကွေးမြို့၌ ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးသူ(စလင်း)