ဘိုကလေး ၂၁ သြဂုတ် 

    
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ငှက်ချောင်းကျေး ရွာတွင် ယနေ့နံနက်(၄)နာရီ၌ အာရုဏ်ဆွမ်းပို့ရန် ဆွမ်းချက်ပြုတ်နေစဉ် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
    

ဖြစ်စဉ်မှာ  ဦးသိန်း၊ ၇၀ နှစ်သည် အာရုံဆွမ်းပို့ရန် ဆွမ်းချက်ပြုတ်နေစဉ် မီးဖိုမှ မီးခဲလွင့်ကာ အိမ်ကာထားသည့်ထရံအား မီးစွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဦးသိန်း၏ အလျားပေ (၂၀) ၊ အနံ(၁၈)ပေ၊ အမြင့်(၁၅)ပေရှိ သွပ်မိုး ၊ပျဉ်ခင်း၊ ထရံကာ သစ်တိုင် အမျိုးအစားနေအိမ်(၁)လုံး ဆုံးရှုံးခဲ့ကြောင်းသိရသည်။


မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။


မိုးစက်(ဘိုကလေး)

 

1