နေပြည်တော်  ၂၁   ဩဂုတ် 
    

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၄)ရက်မြောက်နေ့သို့ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ သမိုင်းအထူးပြုဌာနမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ တဆင့်လာရောက်လေ့လာကြသည့် ပြည်သူများ စုစုပေါင်း(၄၉၆)ဦး တက်ရောက် လေ့လာခဲ့ကြသည်။
    

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့ လာရောက်လေ့လာသူပေါင်း (၅၇,၆၀၈) ဦးရှိပြီး လွှတ်တော်သို့ လာရောက် လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံး တို့မှသက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ပါကြောင်း သိရသည်။  


သတင်းစဉ်