နေပြည်တော် ၂၁  ဩဂုတ် 


နိုင်ငံတော်၏ကုန်ထုတ်စွမ်းအား တိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင် အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိသည်။


အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့်အမျိုးသား (၃၈၂၀) ဦး၊ မ (၅၅၈၇)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၉၄၀၇) ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေ ပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကို ဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၁၉ခုနှစ် ဇူလိုင်လအတွင်း လက်ခံရရှိမှု (၁၀၄) မှုတွင် ကျေအေးမှု (၂၃) မှု၊ လွှဲပြောင်းမှု (၇) မှု ပိတ်သိမ်းမှု(၁၁)မှုနှင့်ငွေကြေးအကျိုးခံစားခွင့်(၆၃)မှုတို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ ၂၅၇ ဦးကိုငွေကျပ် ၁၆၂,၁၆၂,၉၇၅ ခံစားခွင့်ရရှိစေခဲ့သည်။ ကျွမ်းကျင်လုပ်သားများရရှိစေရန်လေ့ကျင့် ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခြင်းများ အနေဖြင့် အောက်ပါအတိုင်း ဖြစ်သည်-

 

1

 

1

 

အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူ အလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင်ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၈၆၀ဝ ကျော် ကိုခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/ အလုပ်ရုံ (၅၃၂) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၂၅) ကြိမ် ဆောင်ရွက်ခဲ့သည်။


အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန အနေဖြင့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများ  ဖြေရှင်းဆောင်ရွက်ရာတွင် ခုံသမာဓိအဖွဲ့တွင် (၆)မှုနှင့် ခုံသမာဓိ ကောင်စီတွင် (၂)မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ 


လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၃၀ဝ၀ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၂၁၂ ဦး အတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၁၁၀ဝ ကျော် ပြန်လည် ထုတ်ပေးခဲ့သည်။


အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများ နှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်-

 

1

 


(သတင်းစဉ်)