မုဒုံ    ၂၁ သြဂုတ်    


မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တို့ပူးပေါင်း၍ ကျောင်းသား၊သူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်၍   သုတ/ရသ စာအုပ်စာစောင်များကို  မုဒုံမြို့နယ် အတွင်းရှိ  အ.ထ.က(ခွဲ)ဗိုလ်တေဇကျောင်း၊ အ.ထ.က( ၂ ) နှင့် အ.ထ.က(ခွဲ)ညောင်ကုန်းကျောင်းသို့ သြဂုတ်လ (၂၁)ရက်နေ့က သွားရောက်ဌားရမ်းပေးခဲ့သည်။


“ယခုလက်ရှိကတော့  အခြေခံပညာကျောင်းများကို  အဓိက   သွားရောက်ငှားရမ်းပေးနေပါတယ်၊ ယခုလို အခြေခံပညာကျောင်းသို့  စာအုပ်၊  စာစောင်များကို   လိုက်လံငှားရမ်းပေးခြင်းဖြင့်   ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားလာပြီး၊  စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာမယ်လို့”  ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက်တာဝန်ခံ ဦးသန်းနိုင်စိုးက ပြောကြားသည်။ အဆိုပါ ငှားရမ်းထားသော စာအုပ်များကို   ရက်သတ္တပတ်နှစ်ပတ်ကြာ ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။


မြို့နယ်(ပြန်/ဆက်)