၂၁ ဩဂုတ်


အမေရိကန်နှင့် တရုတ်နိုင်ငံကြား ကုန်သွယ်ရေးပဋိပက္ခများကြောင့် တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှု ကျဆင်းသွားရာ ဂျပန်နိုင်ငံအနေနှင့် နှစ်လအတွင်း ကုန်သွယ်ရေးလိုငွေကို ပထမဆုံးအကြိမ်အဖြစ် အသိပေးကြေညာခဲ့သည်။ 


ဇူလိုင်လအတွင်း ကုန်ပစ္စည်းတင်ပို့မှုသည် ရာခိုင်နှုန်းအားဖြင့် ၁.၆ ရာနှုန်း၊ အမေရိကန်ဒေါ်လာ ၆၂.၄ ဘီလီယံခန့် ကျဆင်းသွားကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောခဲ့သည်။ 


တင်သွင်းကုန်ပစ္စည်းအနေနှင့်လည်း ရာခိုင်နှုန်းအားဖြင့် ၁.၂ ရာနှုန်းနှင့် အမေရိကန်ဒေါ်လာ ၆၄.၈ ခန့် ကျဆင်းသွားသည်။ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ယခုလိုချိန်မှစ၍ ၉.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တောင်ကိုရီးယားသို့ ရေကြောင်းဖြင့် ကုန်ပစ္စည်းတင်ပို့မှုမှာလည်း ၆.၉ ရာခိုင်နှုန်းခန့် ကျဆင်သွားသည်။


ဇူလိုင်လအစောပိုင်းမှစ၍ တောင်ကိုရီးယားနိုင်ငံသို့ နည်းပညာမြင့်ကုန်ပစ္စည်းများ တင်ပို့မှုကို တင်းကျပ် စွာ ဂျပန်နိုင်ငံအနေနှင့် ထိန်းချုပ်ထားသော်လည်း အဆိုပါကုန်ပစ္စည်းများသည် ပို့ကုန်ပစ္စည်းအားလုံး၏ အနည်းငယ်သော အချိုးမျှသာရှိကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ 


ထိုကဲ့သို့ ကုန်ပစ္စည်းတင်ပို့မှုလျော့ကျရခြင်း အဓိကအကြောင်းရင်းမှာ လျှပ်ကူးပစ္စည်းများတွင် အသုံးပြု သော ကိရိယာများအပါအဝင် စက်ပစ္စည်းကြီးများနှင့် အစိတ်အပိုင်းများ ရောင်းချမှုနည်းပါးသောကြောင့် ဖြစ်သည်ဟုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြသည်။


ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန်- စုရည်