နေပြည်တော် ၂၁ ဩဂုတ်
ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းသည် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များ လူမှုကူညီရေးအသင်းအား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင်များက ဓာတ်ခွဲခန်းကျွမ်းကျင်များ ရာထူးတိုးရပ်ဆိုင်းနေမှုနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးပြီးကော်မတီဥက္ကဋ္ဌမှ ပြန်လည်အကြံပြု ဆွေးနွေးခဲ့သည်။
သတင်းစဉ်


