နေပြည်တော် ၂၁ ဩဂုတ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ဦးမျိုးသန့်ဖေသည် ယနေ့နံနက် ၁၀ နာရီတွင် စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်နေသည့် ကိစ္စ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ Project Bank နှင့်သက်ဆိုင်သည့်ကိစ္စ၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စ၊ စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


